. . .  အကန့်အသတ်မရှိတဲ့ ဒီဇိုင်းဖန်တီးမှု . . .
Home
Some designs for your inspiration
အသက် (၁၈) နှစ်မှ (၄၀) နှစ်အတွင်း မြန်မာနိုင်ငံသားအားလုံး တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ရေးဆွဲယှဉ်ပြိုင်နိုင်ပါသည်။
၂၀၁၀ ခုနှစ်အတွက် ပြိုင်ပွဲခေါင်းစဉ်များမှာ "Living Room Furniture" နှင့် "Accessories" ဖြစ်သည်။ "Living Room Furniture" ခေါင်းစဉ်အတွက် လက်တင်ပါထိုင်ခုံများ၊ Arm Chair, Sofa, Deep Seater စသည့်ဒီဇိုင်းအမျိုးမျိုးနှင့် "Accessories" ခေါင်းစဉ်အတွက် Living, Kitchen, Dinning area တွေမှာသုံးလေ့ရှိတဲ့ Baskets, Trays, Boxes, Holder, Flower Pot, Bowl, Bread Basket, Fruit Bowl, Vinegar Holder စသည့် All kinds of decorative items တွေဖြစ်ပြီး Interior Decoration Site များတွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။ ဒီဇိုင်းများကိုကိုယ်ပိုင်စိတ်ကူးဖန်တီးချက်များဖြင့် Window Application များဖြင့်ဖြစ်စေ၊ Auto Cad ဖြင့်ဖြစ်စေ၊ စာရွက်ပေါ်တွင်ဖြစ်စေ ရေးဆွဲယှဉ်ပြိုင်နိုင်ပါသည်။
Jpeg, Tiff, Psd File များဖြင့် Online မှဖြစ်စေ၊ CD, Drawing Paper တို့ကို လူကိုယ်တိုင်/စာတိုက်မှဖြစ်စေ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များ အသင်းရုံး (အမှတ် - 29၊ မင်းရဲကျော်စွာလမ်း၊ ၆ လွှာ၊ UMFCCI ၊  လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။) သို့လည်းကောင်း၊ E-mail လိပ်စာ mfptma@gmail.com,
design@myanmarwickervillage.com သို့လည်းကောင်း ပေးပို့ယှဉ်ပြိုင်နိုင်ပါသည်။

Internet ပေါ်ရှိ Interior Lifestyle Furniture Design, Contemporary Design, Furniture Design Library စသည့် Website အသီးသီးတွင်မိမိသန်ရာသန်ရာ လက်လှမ်းမီသရွေ့ ခေတ်နှင့်မျက်ခြေမပြတ်အောင်လေ့လာပြီး Idea/Inspiration များရယူကာ မိမိကိုယ်ပိုင်စိတ်ကူးဖန်တီးချက်များကို ဖော်ထုတ်ရပါမည်။

Furniture and Interior Lifestyle Accessories အဓိကဈေးကွက်ကြီးမှာ USA, EU နိုင်ငံများ၊ Australia, Newzeland စသည်တို့ဖြစ်ရာ ယင်းဈေးကွက်စိတ်ကြိုက် ဒီဇိုင်းများကို ဦးစားပေးရေးဆွဲသင့်ပါသည်။ (လည်သာ၊ သားရေတု၊ ပိတ်စ၊ ချည်ထည် Furniture များမှာ လောလောဆယ်အခြေအနေတွင် အကြီးအကျယ် Mass Product ထုတ်လုပ်နေသော တရုတ်၊ ဗီယက်နမ် စသည်တို့ကို မြန်မာလုပ်ငန်းရှင်များကယှဉ်ပြိုင်ရန်အခက်အခဲရှိသောကြောင့် ပြည်တွင်းတွင်ထုတ်လုပ်ရန်အားသာသည့် ထွက်ကုန်များကို ဦးစားပေးထားခြင်းဖြစ်ပါသည်။ )
ယှဉ်ပြိုင်မည့်ဒီဇိုင်းနှင့်အတူ အမည်၊ နိုင်ငံသားစီစစ်ရေးကဒ်အမှတ်၊ အဘအမည်၊ နေရပ်လိပ်စာအပြည့်အစုံ၊ E-mail Address စသည်တို့ကို တပါတည်းဖော်ပြရပါမည်။

ပေးပို့ရမည့် နောက်ဆုံးနေ့ရက် - 25, April, 2010
ဆုရသူစာရင်းကြော်ငြာမည့်နေ့ရက် - ဧပြီလ 30 ရက်နေ့ "မြန်မာပရိဘောဂပြပွဲ 2010 (MCC, ရန်ကုန်)" တွင်ပူးတွဲကျင်းပပြုလုပ်ပါမည်။

သစ်၊ ၀ါး၊ ကြိမ်၊ ဗေဒါစတဲ့ပြည်တွင်းထွက်ကုန်တွေနဲ့ တည်ဆောက်ထုတ်လုပ်နိုင်တဲ့ ပရိဘောဂဒီဇိုင်းတွေဖြစ်ရပါမယ်။ တစ်မျိုးချင်းဖြစ်စေ၊ ပေါင်းစပ်ပြီးဖြစ်စေ ထုတ်လုပ်နိုင်ရပါမယ်။ Traditional, Classic, Vintage, Colonial, Contemporary ဒီဇိုင်းမျိုးစုံကို စိတ်ကူးရှိသလောက်ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့်လက်တွေ့ Production လုပ်နိုင်တဲ့ဒီဇိုင်းတွေဖြစ်ရပါမယ်။ ဒီ Web Site ထဲမှာဖော်ပြထားတဲ့ဒီဇိုင်းတော်တော်များများက Award Winner တွေဖြစ်ပါတယ်။ မြန်မာပြည်မှာပထမဆုံးစပြီးကျင်းပသော ပြိုင်ပွဲဖြစ်တာကြောင့် မြန်မာလူငယ်တွေပါဝင်ပြီး ရင်ဘတ်ထဲကကိုယ်ပိုင်ဒီဇိုင်းတွေကို တင်ပြစေချင်ပါတယ်။ အနည်းဆုံးအတွေ့အကြုံရပြီး တကယ့် Talent တွေလဲပေါ်ထွက်လာမယ်လို့ မျှော်လင့်မိကြောင်းပါ . . .


ပြိုင်ပွဲမှာ Award Winner Designer တွေကို ဒီဇိုင်းမှတ်ပုံတင်ပေးပြီး ၃ နှစ်အတွင်းရောင်းရတဲ့ Production Sales အပေါ်မှာ Percentage ပေးတဲ့အစီအစဉ်လဲပါမှာပါ။
(မြန်မာတွေဒီဇိုင်းထွက်မလာပါဘူး၊ Raw Material ပဲရောင်းစားနေတာ၊ Copy တွေပဲများပါတယ်) ဆိုတာတွေကိုချေဖျက်ချင်တဲ့အတွက် ဒီ Design Contest
ကိုစီစဉ်တာဆိုရင် ကျွန်တော်တို့စိတ်ထဲက Passion ကိုနားလည်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ IT ခေတ်မှာမြန်မာလူငယ်တွေက မညံ့တော့ပါဘူး။ အမြင်တွေရှိပါတယ်၊ လက်တွေရှိပါတယ်၊ ရင်ဘတ်တွေရှိပါတယ်။ မြန်မာ့ Talents တွေကိုပြကြပါစို့ . . .

 
Living Room Furniture Design
ပထမ - 500 000 သိန်း
ဒုတိယ - 300 000 သိန်း
တတိယ - 200 000 သိန်း
Accessories Design
ပထမ - 300 000 သိန်း
ဒုတိယ - 200 000 သိန်း
တတိယ - 100 000 သိန်း